Tuesday, January 3, 2012

+-- ၁၅၄ ဃ --+



ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ လွန်ဆွဲတဲ့ပွဲမှာ
နှလုံးသားတချို့  မိုးခေါင်ခဲ့တယ် ....

ဓူဝံကြယ်လည်း မဆွတ်ဘူးဘူး
မဟာတံတိုင်းလည်း မဖြိုပြခဲ့ဘူးဘူး
အင်း
ဆိုပြဘူးတဲ့ တ၀က်တပျက်သီချင်း သုံးလေးပုဒ်တော့ရှိတယ်
ခင်ဗျားဟာ သိပ်ပျော့ညံ့တာဘဲ
ယေဘူယျအားဖြင့် မှန်တယ်
ပေါက်ပင်ကိုင်းတာ မြင်သာပေမယ့်
ဗျိုင်းနားလိုက်တာတော့ လူသိတော်တော်နည်းခဲ့တယ် ..

ယုံကြည်မှူတစ်ခုကလွဲ
လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့  ဘ၀လေးထဲကနေ
ဘာကိုများ ထပ်ပြီးဖဲ့ထုတ်ချင်သေးလို့ တုန်းဗျာ ...
ကိစ္စမရှိပါဘူး
တရားဝင်ဝင် မ၀င်ဝင်
အချစ်ဆိုတာ မူပိုင်ခွင့်ကင်းတယ် ....

No comments:

Post a Comment