သုညတွေတော့ သုညတွေဘဲ
ဝိုင်းသယောင်ရှိတဲ့ သုညကဘဲ ကံကောင်းသလိုလို
မိဘမဲ့တွေကြား တာဝန်မယူတတ်တဲ့မိခင်ရှိသူ
မျက်နှာပန်းပွင့်သလိုမျိုးပေါ့ ....
အိမ်နံပါတ် ၊ လမ်းနာမည်ထားအုန်း
တစ်ညတစ်ည ဘယ်မှာအိပ်စက်ရမလဲကိုက ဝေဝါးဝါး
ကြုံရာကျပန်းသမားတို့ ရဲ့ညအတွက်
တစ်ခုတည်းသောအပန်းဖြေမှူအာသာရမ္မက်ကနေ
သူတို့ ဘဝတွေ ဖြစ်တည်တယ် ...
တစ်နပ်စားပီး နောက်တစ်နပ်ရှာဖို့ က အနာဂတ်ဘဲ
communication ကပါးစပ်တွေ
transport ကခြေထောက်တွေ
entertainment က တာယာခွေအဟောင်းတစ်ခုဖြစ်နိုင်သလို
မိုးရေစက်တွေလည်းဖြစ်နိုင်တယ်
( ဒါတောင်သဘာဝတရားက လူတန်းစားမခွဲတတ်လို့  )
education က ဖရုသဝါစာများတဲ့ပတ်ဝန်းကျင်မှာ
မပီကလာပီကလာ ....
( ဆဲဆိုခြင်းက စွယ်စုံကျမ်းသဖွယ် )
fashion ဆိုတာဝေးလို့ 
သူများအကျလေးတောင် တစ်လတစ်ကြိမ် လဲရန်ခက်ခက်
politics နှင့် human right ဆိုတာကြီးကို
တသက်တကိုယ်မကြားဘူးဘဲ သေဆုံးသွားကြမည် ..
တတ်နိုင်သူတွေက အမဲသားကို အိမ်မွေးခွေးကိုချကျွေးလို့ 
အသီးအရွက်ကို ကျန်းမာရေးအတွက် တကူးတက စားသောက်ကြသလို
အသီးအရွက်ကြားက အရိုးအရင်းလေးပါတဲ့နေ့ မှာ
သူတို့ မျက်နှာတွေ အပျော်လွန်ကြတယ် ...
လမ်းကြိုလမ်းကြားအမှိုက်ပုံတွေထဲ
ကြက်ဥခေါက်မုန့် တစ်ခုနဲ့  မေးခိုင်ပိုးကို ပျော်ပျော်ကြီးလဲစား
ဒဏ်ရာကင်းတဲ့လူ ခပ်ရှားရှားပါလား ....
သုညတွေတော့ သုညတွေပေါ့လေ
ဝိုင်းသယောင်ရှိတဲ့ သုညကဘဲကံကောင်းသလိုလို ...........။။။။
( အကိုတစ်ယောက်ဆီက ရတဲ့ပုံလေးပါ ...ကျွန်တော်ငယ်ငယ်က ကျောင်းသွားတိုင်းဖြတ်သွားနေကျ ကျူးကျော်ရပ်ကွက်လေးတစ်ခုကိုပြန်မြင်မိလို့  ရေးဖြစ်သွားတယ် ။ )
ဒီကဗျာလေး အကြိုက်ဆုံးပဲ ..
ReplyDeleteရင်ထဲကိုအရမ်းထိတယ် ...
ကဗျာထဲက ** တတ်နိုင်တဲ့ သူတွေ ** ဆိုတဲ့ လူတွေကို ဒီကဗျာပေးဖတ်ကြည့်ရင် ဘယ်လိုနားလည်မလဲ မသိဘူးနော် ...