Wednesday, May 18, 2011

+---- ကြယ်ခူးတဲ့ကဗျာ ----+




ဘ၀ထဲက သက်တန့် လေးတစ်ခု ခဏတောက်ပဖို့ 
မိုးရေမှူန်တွေကို နေရောင်ခြည်နဲ့  အဆိပ်ငွေ့ ပေးသတ်
ငါဟာ 
တစ်မီလီမီတာအောက်ထုရှိတဲ့ မိုးရေစက်တွေကို မသနားတတ်ခဲ့ဘူး....

နက္ခတ်စုံတဲ့ကောင်းကင်လား
အလှမ်းဝေးလွန်းပါတယ်ကွာ
ဒီကောင်းကင်က ကြယ်လေး တစ်လုံးစ နှစ်လုံးစ မကွယ်ပျောက်ဖို့ 
ငါ့မျက်တောင်တွေ မှိတ်ချင်တိုင်း မမှိတ်ခဲ့ရတာ
ဘယ်လောက်တောင်ကြာခဲ့ပြီလဲ .....

အရောင်ဖျော့ အမှောင်တွေထဲဘဲ 
စိတ်သန့် သန့် လျောက်လှမ်းချင်သော်လည်း
ကြယ်ခူးတဲ့လူတွေကြားမှာ ပိုက်ကွန်တစ်ခုတော့ ကိုင်သွားသင့်တာပေါ့လေ ...

ဒီလိုနဲ့ ဘဲ ဘ၀မှာ မဖြစ်နိုင်ဘူး ဆိုတာတွေ နည်းနည်းလာတယ်
ဟူးးး
ဘာကိုမှ မတွေးမိရင်ပေါ့လေ ......။

1 comment:

  1. ပိုက်ကွန်တင်မဟုတ်ဘူး .. ပလိုင်းရော .. ပိုက်ကွန်ပေါက်ရင်ဖာထေးဖို့  ချူပ်ပိတ်ဖို့ အတွက်ရော ဆောင်ရမှာ ... လှေခါးပါ လိုကာမယ်ကာ သယ်သွား :)

    ReplyDelete