Wednesday, May 18, 2011

+----ပစ္စုပ္ပန်ရဲ့နောက်က ကြက်ခြေခတ်များ----+






မေ့ပျောက်ခြင်း ကဗျာဟာ
တမ်းတခြင်း မာတိကာနဲ့ 
အဘယ့်ကြောင့် အစပျိုးပါသလဲ ။
( ချစ်ခြင်း၊ ယုံကြည်ခြင်း၊ ကြင်နာခြင်း စိတ္တဇနာမ် အများအပြားပါဝင်သော)နှလုံးသားနှစ်ခုကို စတေးပြီးမှ ဥပေက္ခာကို ငါတို့ ရတာ( ပြောစမ်းပါ တဆိတ်လောက်) တန်ရဲ့လား ။

ဘယ်တော့မှမပြောကြေးဆိုတဲ့ စကားတစ်ခွန်းနဲ့ ဘဲ
ငါတို့ ရဲ့ လက်ကျန်သံယောဇဉ်သဲ့သဲ့လေးလည်း
ကြိုးစင်ပေါ်တတ်ခဲ့ရတယ် ။

ဒါတွေဟာ......
ပြောင်းပြန်လှန်ထားတဲ့ အမှန်တရားတွေနောက်
တကောက်ကောက်လိုက်နေတဲ့သူတွေကြားက
ဟိုမရောက် ဒီမရောက် ခံစားမှူဝါဒီသမား...
ဘာမှန်းမသိတဲ့အရာတွေအပေါ်
ဘာမှန်းမသိဘဲ လိုက်လျောနေရတဲ့ဘဝထဲက
မပြတ်သားတဲ့ တွေဝေသမား....
ရင်ထဲက ဝေဒနာတွေကို ဦးနှောက်နဲ့ ကုစားချင်တဲ့
လူငယ်တစ်ယောက်ရဲ့ နှလုံးသား ဈာပနမို့ 
မျက်ရည်တို့  မစည်ကားအပ်လောက်ပါဘူး။

အဘယ်မှတ်ကျောက်နဲ့ 
ငါ့ရင်ခွင်ကို ဖြတ်တောက်ကြည့်ပါသလဲ...
ငါ့အချစ်ဟာ မင်း ဘာသာပြန်လို့ မရနိုင်လောက်အောင်
မရှုပ်ထွေးလှပါဘူး...
ရှေ့ ဆက် နားလည်မပေးနိုင်တော့ဘူးဆိုတာကိုက
မင်း ငါ့ကို နားလည်သွားပြီလို့ ဘဲ ယူဆပါတယ် ။

အဲဒီညက ငါကဗျာရေးခဲ့တယ်...
ပစ္စုပ္ပန်ရဲ့ အနောက်က
ချစ်သူတစ်ယောက်ကို
မေ့ပျောက်ဖို့  ကြိုးစားရင်း ( နောင်တတချို့ နဲ့  စကားစမြည်ပြောရင်း )
ငါဟာ....
ဖမ်းဆုပ်လို့ ရလောက်တဲ့ အမှောင်ထုထဲ
မိုင်ပေါင်းများစွာ ဝေးကွာလွင့်စင်....................................။။။။

No comments:

Post a Comment