Wednesday, May 18, 2011

+--- မျက်နှာဖုံးမဲ့ပတ်ဝန်းကျင် ---+




မသေခင် ဂရုဏာဒေါသောနဲ့  ပြောဆိုမယ့်သူတွေရှိတယ် ( နားတော့နည်းနည်းခါးချင်ခါးမယ် )
သေပြီးမှ အသည်းအသန်ငိုမယ့် လူတွေရှိတယ် ( ထပ်တူထပ်မျှဝမ်းနည်းပါကြောင်း )
ဖက်တွယ်ထားတဲ့ဘဝကို 
ဟန်ချက်ညီညီလျှောက်နေသူတွေ
တွေဝေတွန့် ဆုတ်နေသူတွေ
လမ်းခုလတ်မှာ လက်အံသေသူတွေ
ပျက်အစဉ် ပြင်ခဏနဲ့  ခဏခဏပျက်နေသူတွေ
ဘဝက ယစ်မူးစရာကောင်းသလိုလိုနဲ့ 
မူးယစ်နေကြရတာဘဲလေ....

အကျိုးလိုလို့  ညောင်ရေသွန်းတဲ့ မျက်နှာသာပေးမှူထက်
အချင်းချင်း ကောင်းကျိုးအတွက်
တိုးတိုးတိတ်တိတ် လူမုန်းခံခဲ့ကြတာကို
ငါတို့ ပိုမက်မောခဲ့ကြတယ် မဟုတ်လား ...

ပျော်စရာတွေဆိတ်သုဉ်းလို့  သောကအပူတွေရှိနေချိန်တောင်
တစ်ယောက်ကိုတစ်ယောက် မလောင်ကျွမ်းစေဘဲ
( ဒီအပူလေးနဲ့  )တဖျက်ဖျက်တောတ်ပနေနိုင်ခဲ့တာဘဲ ...

လဲပြိုကျခဲ့ရင်တောင် နာကျင်စရာမြေပြင်ကို သတိမရဘူး
မင်းတို့ ရဲ့ ဂရုဏာအကြည့်တစ်ချက်နဲ့ ဖေးမခဲ့တဲ့လက်တစ်စုံကိုဘဲ သတိရမယ် ...
ကျေးဇူးပါ သူငယ်ချင်း
မျက်နှာဖုံးများတဲ့ပတ်ဝန်းကျင်မှာ
ငါတို့  အတူ မျက်နှာပြောင်တိုက်ရဲခဲ့ကြတာကိုပေါ့ ....။

1 comment:

  1. လဲပြိုကျခဲ့ရင်တောင် နာကျင်စရာမြေပြင်ကို သတိမရဘူး
    မင်းတို့ ရဲ့ ဂရုဏာအကြည့်တစ်ချက်နဲ့ ဖေးမခဲ့တဲ့လက်တစ်စုံကိုဘဲ သတိရမယ် ...
    (အဲ့ အပိုဒ်က ဖတ်ပီးတော့ ဘယ်လိုကြီးလဲမသိဘူး .. တစ်ခုခုခံစားရတယ်)
    ရင်ထဲကိုထိသွားအောင်တော်တော်ရေးနိုင်တာပဲ ..
    Narzi ဆိုတာဘူတုန်း .. တော်ထှာ ... ^^

    ReplyDelete