ခပ်တိုးတိုး ရွတ်ဆိုတိုင်း ( သူမဆိုတဲ့ကဗျာတစ်ပုဒ်ကို )
ဒဏ်ရာတွေက နက်သထက်နက်လာတယ်
လူသိသိပ်မများတဲ့ ငါ့ညတွေ
ဘယ်ကကြည့်ကြည့် မွတ်သိပ်နေဆဲပါ ....
ကန်ဘောင်ကလေတွေတိုက်တိုင်း
မိုးရွာမယ်ချည်း ထင်ထင်နေတာ
မြေသင်းနံ့ နဲ့ ရောတဲ့ သူမကိုယ်ငွေ့ ကိုတမ်းတလွန်းလို့ လား
သူမ အပြုအမူတွေကို တမ်းတလွန်းတာလား
ထပ်တူကျမယ်ထင်ခဲ့တဲ့ ကတိတွေကို တမ်းတလွန်းတာလား
သေချာတာကတော့ ဒီတမ်းတမှူမှာ
"သူမ" ဆိုတဲ့ ပညတ်ချက်တစ်ခုတော့ပါနေတယ် ...
အရင်က အကြင်နာသဲ့သဲ့နဲ့  အရိပ်အယောင်တွေကိုတွဲချိတ်
မိုးတိတ်ရင်တောင် ထီးပိတ်ဖို့ အားက ချိနဲ့ နဲ့ ရယ် ..
သူမ ရှိနေတုန်း ကာလသုံးပါးကိုမေ့
ငါဆိုတာကိုလည်း မေ့
ယုတ်စွအဆုံး
ဂျက်ဆင် နဲ့  ရေတမာတွေတောင် ငါမေ့နေတယ် ...
ခုံတန်းတွေမှာ ရေးခြစ်ရာတွေများလာတယ်
ကြော်ငြာစာလုံးတွေ တစ်ခုပြီးတစ်ခုပြောင်းပြောင်းလာတယ်
ကွယ်ထားတဲ့ထီးတွေမှာ ယူဗီပရိုတတ်ရှင်းတွေပါလာတယ်
သစ်ပုတ်ပင်က ထိန်းသိမ်းခံလာရတယ်
ဝင်ကြေးတွေဈေးတတ်လာတယ်
တိုက်ခတ်တဲ့လေက ကာဗွန်တွေပိုပိုပါလာတယ်....
ငါကရော
၁ ကနေ ၃၁ ကြားထဲက ဂဏန်းတစ်ခုကိုအသေမှတ်
မိုးစက်တွေအောက်
တစ်ကိုယ်လုံးရွှဲနစ်နေတာတောင်
အချိန်တန်ရင် သူမလာအုပ်မိုးပေးမယ့်လက်တစ်စုံကို
ခိုက်ခိုက်တုန်နေတဲ့ကြားက
( မရေမရာလေး ) မျှော်နေမိတုန်းဘဲ ...။
No comments:
Post a Comment