Wednesday, May 18, 2011

+--- နင့်ကိုမုန်းတယ် အန်နာ ---+




ရောင်စုံဆလိုက်တွေနဲ့  တီးလုံးမြူးကြွကြွတွေထဲ
သူ့ နှူတ်ခမ်းလောက် ဘယ်အရာမှ မမူးယစ်စေဘူးဆိုဘဲ 
ဟုတ်တယ် နင့်နှူတ်ခမ်းဖူးဖူးလေးတွေ
ခုထိ အရှိန်မသေသေးဘူးဘဲ 
ငါကတော့ အရောင်မဲ့ရေတစ်ခွက်နဲ့ 
အန်တီဘိုင်အိုတစ်ဆေးလုံးရောင်စုံတွေကြား
 တစ်ညလုံး မူးဝေနောက်ကျိနေခဲ့တာ .....

ခပ်ဖြောင့်ဖြောင့် ငနှဲ ၂ပွေလောက်ကို
တစ်ညတည်းတွဲကြည့်တာ မဆိုးဘူးဆိုဘဲ
ဟုတ်တယ် နင့်ည၀တ်အကျီမှာ
ရနံတွေက ခုထိမပျယ်သေးဘူးဘဲ
ငါကတော့ အေးစက်စက်ဖက်လုံးတစ်လုံးနဲ့ 
တစ်ညလုံး အထီးကျန်နေခဲ့တာ ....

ဂရုစိုက်ပါနာတာရှာ တဲ့
ငါ့နဖူးကို ကိုင်းညွတ်နမ်းတဲ့နင့်အနမ်းထက်
ဗလာကျင်းထားတဲ့ နင့်ရင်ညွန့်ကို ငါသဘောကျတယ်
ငါကတော့ လည်ပင်းတောင်မပေါ်အောင် အနွေးထည်ထူထူဝတ်လို့ 
နွေရာသီတိုင်း နေပူစာမလှုံရတာ ဘယ်လောက်ကြာခဲ့ပြီလဲ ..

ခပ်သွက်သွက်လှမ်းထွက်သွားတဲ နောက်ကျောတစ်စုံမှာ
နတ်ဘုရားမ အက်ဖရိုဒိုက်နေထိုင်သလား
ခပ်ဟဟပွင့်နေတဲ့ တံခါးကလေက
ငါ့ကိုနာကျင်ကိုက်ခဲစေတယ်
လွန်ခဲ့တဲ့ တနှစ်နီးပါးက နောက်ဆုံးတင်ခဲ့တဲ့လက်သည်းနီအရောင်သည်
ခရမ်းတောက်တောက်လား အနီရဲရဲလားစဉ်းစားရင်း
တံခါးလက်ကိုင်ကို တွန်းပိတ်မိတယ်
နင့်ကို မုန်းတယ် အန်နာ ....။။။။။။။။။။။။။။ 

( မကျန်းမာသော မိန်းမတစ်ယောက်ရဲ့ ခံစားချက်မျိုး အနီးစပ်ဆုံးတူအောင် ကျွန်တော့်အမြင်နဲ့ ရေးထားတာပါ )

No comments:

Post a Comment