စက်ဆီဝနေတဲ့ ဒလိမ့်တုံးတွေလောက်တော့
အိပ်စက်ရာဖဲမွေ့ ယာလို သဘောထား
ကျွန်မလေ
ခေါင်းလေးတိုးဝင် အိပ်စက်တတ်တယ် .....။
ကျွန်မကိုတော့ အရွယ်သုံးပါး ပျော်ပျော်ပါးပါး သောက်သုံးကြလေရဲ့
အဖိုးကြီးတွေကလည်း ရံဖန်ရံခါ ...
လူရွယ်လူလတ်တွေကလည်း ပူလောင်လာကြရင်
တခါတခါ
နိုင်ငံခြားသားတွေတောင် လက်တည့်စမ်းကြသေးသပေါ့
ကြိုက်ကြတာပေါ့
ကျွန်မက ချိုပေမယ့် ဈေးပေါတဲ့ ကြံရည်ကိုးရှင့် ....။
အချိုရည်ကုန်ုလို့  အမှိုက်ပုံးထဲရောက်လည်း
ဝမ်းနည်းစရာမရှိလောက်ပါဘူး
အကြွင်းအကျန်အစက်လေးတွေ စုပ်ယူစားသုံးမယ့်
ယင်မဲတစ်အုပ်နဲ့  ဟိုမှာ အသင့်ရှိတယ်မဟုတ်လားရှင် .....။
ကဗျာတွေကို မခံစားတက်ဘူး နားမလည်လို့
ReplyDeleteဒါပေမယ့် ဒီကဗျာ ကိုကြိုက်တယ်
ကြံရည်ကြိုက်ပုံဘဲ ။
ReplyDeleteကြံရည် မကြိုက်ဘူး....ထောပတ်သီးဖျော်ရည်သောက်ချင်တာ
ReplyDelete